ကျောက်ငူသားလေးနည်းပညာ

Tuesday, May 5, 2015

နည်းပညာစာအုပ်များ

https://www.mediafire.com/folder/56zj7cydf3q55/Camera




photoshop  စာအုပ်လို့ချင်သူတွေအောက်လင့်ကနေဒေါ်င်းသွာလိုပ်ပါ




http://www.mediafire.com/view/pbh8e9sztdgkdbb/kyawminthein31@gmail.com




Android Smartphone မှာ RAM ကို တိုးမြှင့်နည်းများ




အိုင်တီ လမ်းညွှန်‎IT-Guide (အိုင်တီလမ်းညွှန်) စမတ်ဖုန်းများဟာ ဟောင်းနွမ်းလာတာနဲ့ အမျှ နောက်ဆုံးပေါ် Apps များနဲ့ Software Update အသစ်များကို ကောင်းစွာ ကိုင်တွယ်နိုင်ခြင်း မရှိတော့ပါဘူး။ ဟောင်းနွမ်းတဲ့ Hardware များဟာ စွမ်းဆောင်ရည် ပြဿနာများ ဖြစ်ပေါ်စေပါတယ်။ အဲဒီအတွက် RAM ကို တိုးမြှင့်ခြင်းက ပြဿနာများကို ပြေလည်စေမှာပါ။ ဒီဆောင်းပါးမှာ Root လုပ်ထားပြီးသား ဖုန်းများအတွက်ရော၊ Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းများ အတွက်ပါ RAM ကို တိုးမြှင့်နည်းများကို ရေးပေးလိုက်ပါတယ်။ RAM ( Random Access Memory) ဆိုတာ သင့် စမတ်ဖုန်းဟာ Temporary Data များကို ကူးပြောင်းဖို့ RAM ကို အသုံးပြုရပါတယ်။ RAM များလေလေ Apps, Tabs, Processes, Windows များကို တစ်ပြိုင်နက် လျှင်မြန်စွာ အသုံးပြုနိုင်လေလေ ဖြစ်ပါတယ်။ OS နဲ့ System Processes များကလည်း RAM ကို စားသုံးနေကြပါတယ်။ Apps များကို အင်စတော ပြုလုပ်မှု များလာတာနဲ့ အမျှ Processes အသစ်များစွာက System ထဲကို ၀င်ရောက်လာတဲ့ အတွက် နှေးကွေးမှုများ ဖြစ်ပေါ်လာရတာပါ။Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းများမှာ RAM ကို မြှင့်တင်နည်းများWidgets နဲ့ Live Wallpaper များကို ကန့်သတ်ပါ။ Widgets တော်တော်များများက ကိုယ်တိုင် Refresh ပြုလုပ်ကြပြီး Live Wallpaper များက အချိန်ပြည့် RAM ကို စားသုံးနေကြပါတယ်။ အဲဒီအတွက် သင့်ဖုန်းဟာ နှေးကွေးလေးလံလာပြီ ဆိုရင်တော့ RAM နေရာလွတ်များ ရရှိဖို့ Widgets နဲ့ Live Wallpaper များကို ဖယ်ရှားပေးပါ။ Apps များကို Disable လုပ်ပါ။Apps အချို့ဟာ အသုံးပြုနေခြင်း မရှိတဲ့ အချိန်မှာတောင် RAM ကို စားသုံးနေပါတယ်။ အဲဒီ Apps များကို နောက်ကွယ်မှာ Run နေခြင်းကို ပိတ်ပင်ထားလိုက်ရင် RAM နေရာလွတ်များ ရရှိမှာပါ။ App တစ်ခုကို Disable လုပ်ဖို့ Settings> Apps or Application Manager ကို သွားပါ။ All ကိုသွားပြီး Disable လုပ်ချင်တဲ့ App ကို တစ်ချက်နှိပ်ပါ။ Disable ကိုနှိပ်ပြီး Confirm လုပ်ပါ။ စမတ်ဖုန်းမှာ နဂိုပါတဲ့ App များကို Disable မလုပ်ခင် သတိထား လေ့လာပါ။ မဟုတ်ရင်တော့ သင့်ရဲ့ System မှာ မတည်ငြိမ်မှုများ တွေ့နိုင်ပါတယ်။ အခြား App များကိုတော့ စိတ်ချလက်ချ Disable လုပ်နိုင်ပါတယ်။ လုံးဝ မသုံးတဲ့ Apps များကိုတော့ Delete or Uninstall လုပ်ပေးပါ။ Animation များကို Disable လုပ်ပါ။ RAM ကို စားသုံးနေတဲ့ Animation များဟာ မရှိမဖြစ် လိုအပ်တာ မဟုတ်ပါဘူး။ အဲဒါတွေကို Developer Options ထဲမှာ စီမံခန့်ခွဲနိုင်ပါတယ်။ သင့်ဖုန်းရဲ့ Settings ထဲမှာ Developer Options ကို မတွေ့ရသေးရင် About Phone ထဲသွားပြီး Build Number ကို ခုနစ်ချက်နှိပ်ပါ။ Settings အောက်မှာ Developer Options ပေါ်လာရင် Drawing ကဏ္ဍထဲရှိ Window Animation Scale, Transition Animation Scale, Animator Duration Scale တို့ကို Disable လုပ်ပေးပါ။ ဒါဆိုရင် သင့်ဖုန်းမှာ RAM နေရာလွတ်များ ရရှိမှာ ဖြစ်ပါတယ်။ Root လုပ်ပြီးသား ဖုန်းများမှာ RAM တိုးမြှင့်နည်း Root လုပ်ထားတဲ့ ဖုန်းများမှာတော့ RAM ကို တိုးမြှင့်တဲ့ နည်းတစ်နည်းရှိပါတယ်။ သင့်ရဲ့ SD Card မှ Partition တစ်ခုဖဲ့ယူပြီး ပင်မ RAM ရဲ့ ဆင့်ပွား RAM အဖြစ် အသုံးပြုနိုင်မှာပါ။ ဒီလို လုပ်ဖို့ ROEHSOFT RAM Expander (SWAP) ဆိုတဲ့ App ကို အသုံးပြုမှာ ဖြစ်ပြီး အောက်က လင့်ကနေ ဒေါင်းလုပ်ရယူပါ။ http://goo.gl/B56ItI သင့် Device ရဲ့ Compatibility ကို စစ်ဆေးပါ။ အထက်ဖော်ပြပါ App ကို အသုံးမပြုခင်မှာ သင့်ဖုန်းနဲ့ Compatible ဖြစ် မဖြစ် စစ်ဆေးရပါအုံးမယ်။ စစ်ဆေးဖို့အတွက် MemoryInfo & Swapfile Check ဆိုတဲ့ App ကို အောက်က လင့်ကနေ ရယူပြီး အင်စတော လုပ်ပါ။ http://goo.gl/QTGGQW App ကိုဖွင့်ပြီး SuperUser ကို ခွင့်ပြုပေးပါ။ “ Start RAMExpander Test Here” ကိုနှိပ်ပါ။ SD Card သို့မဟုတ် Ext SD Card ကို ရွေးပါ။ ပြီးရင် “ Click for result” ကိုနှိပ်ပါ။ “ Congratulations” စာသားပေါ်လာရင်တော့ သင့်ဖုန်းဟာ RAM Expander App နဲ့ Compatible ဖြစ်ပါပြီ။ SWAP ကို အသုံးပြုနည်း ROEHSOFT RAM-EXPANDER (SWAP) App ကို ဖွင့်ပြီး Root Permission ပေးပါ။ SwpFile ရဲ့ ဘယ်ဘက်ဘေးမှ Slider ကိုရွှေ့ပြီး Partition အတွက် Memory ပမာဏ သတ်မှတ်ပေးပါ။ “ Optimal Value” ကို နှိပ်ရင်တော့ အကောင်းဆုံး စွမ်းဆောင်ရည်အတွက် Settings များကို အလိုအလျှောက် ချိန်ညှိပေးမှာပါ။ Autorun ကိုလည်း On ထားပေးပါ။ နောက်ဆုံးမှာတော့ “Swap Activ” ခလုတ်ကို နှိပ်ပါ။ ဒါဆိုရင် သင့်ရဲ့ System မှာ RAM ပိုမိုရရှိလာပါပြီ။ သင့်ဖုန်းဟာလည်း အရင်ကထက် ပိုမိုလျှင်မြန်စွာ လည်ပတ်နိုင်ပါပြီ။ Credit ;Digital Life Journal လေးစားစွာဖြင့်....


Copy and WIN : http://bit.ly/copynwin


Gtalk မှာ မြန်မာစာ လေးထောင့်ကွက်ပြဿနာ


 
ဒီတော့ပစ်ကတော့ မကြာကြာတွေ့ရတဲ့ပြဿနာလေးပါ။ တစ်ချို့စက်မှာလွယ်လွယ်လေးနဲ့ဖြေရှင်းနိုင်ပေမယ့် တစ်ချို့စက်ကျတော့ လွယ်မလိုနဲ့ခက်သားပဲ။ ကျနော်အခုဒီနေရာမှာ ဖြေရှင်းနိုင်မည့်နည်းပေါင်းစုံကိုတင်ပြပေး သွားမှာဖြစ်တယ်။ ဒီထက်ကျနော်မသိသေးတဲ့ နည်းတွေလဲရှိကောာင်းရှိနိုင်ပါတယ်။ ကျနော်အများစုတွေ့ရတဲ့ ဖြေရှင်းနည်းကတော့ ဘရောက်စာတွေရဲ့ option ကနေ ၀င်ရောက်ပြင်ဆင်တဲ့နည်းပဲရှင်းပြတာများပါတယ်။ ကျနော်အခုထပ်ဖြည့်မည့်နည်းကတော့ font ကို delete ပြန်လုပ်ပြီး အသစ် update ဖြစ်တဲ့ဖေါင့်ကိုပြန်ထည့် တဲ့နည်းလေးပါ။ delete လုပ်တယ်ဆိုတဲ့နေရာမှာ ရိုးရိုး delete လုပ်တာမျိုးမဟုတ်ဘဲနဲ့ Registry Editor မှာ ၀င်ရောက်ပြီး key,volume, data ထဲကနေ Zawgyi-One ကို အကုန်အစင် delete လုပ်တဲ့ဖြေရှင်းချက်မျိုး ဖြစ်ပါတယ်။ အထူးအားဖြင့် အခုနောက်ပိုင်း 64 bit OS မှာပိုပြီးတော့ ဒီပြဿနာကိုတွေ့လာရတယ်။......

Internet Explorer ကနေ ၀င်ရောက်ပြင်ဆင်ခြင်း
Start menu =>> Control panel =>> Internet Option =>> General tab ကိုနှိပ်ပြီးဖွင့်လိုက်ပါ။
အဲ့ဒီအတိုင်း အဆင့်ဆင့် သွားပြီး Font ဆိုတာလေးကို Click ပြီးတော့ Zawgyi _one ကိုပြောင်းပေးပြီး Apply ပြီးရင် OK

ထိုနောက် Gtalk >> Settings >> Change >> Font မှာ Zawgyi_one ကိုရွေးပေးလိုက်ပါ။
Mozilla Firefox ကနေ ၀င်ရောက်ပြင်ဆင်ခြင်း
Mozilla Firefox မှာ ဆိုရင်တော့ Tools အောက်က Options ထဲကို ၀င်လိုက်ပါ။ Content tab ကို နှိပ်ပြီးတော့ Default font မှာ Zawgyi-One လို့ပဲ ပြောင်းပေးလိုက်ပါ။
ကဲ..အထက်ပါနည်းလမ်းတွေနဲ့အဆင်မပြေသေးဘူးဆိုရင်…နောက်ဆုံးဖေါင့်ကို delete လုပ်ပြီး အသစ်ပြန်ထည့် မယ်။
Zawgyi-One ဖေါင့်ကို delete လုပ်ပြီး နောက်ဆုံးဗားရှင်း Zawgyi-One font ကိုပြန်ထည့်နည်း
ဒီနည်းကရိုးရိုးလေးပဲပြောလိုက်ရင်ရပါတယ်။ ဒါပေမယ့် ကျနော်နည်းနည်းလေးအာကျယ်လိုက်မယ်။ ဖွင့်ထားတဲ့ Window Browser ၀င်းဒိုးဘရောက်စာအားလုံးကိုပိတ်လိုက်ပါ။
၁။ C:>Windows>fonts ထဲက Zawgyi-One font ကို delete လုပ်ပါ။ တစ်ချို့က cannot delete in use ဆိုပြီး မက်စေ့ဂ်ျပေါ်လာပြီးဖျက်မရတာလဲရှိမယ်။ (ထားခဲ့လိုက်ပါ)
၂။ Run (Window + R) ဘောက်စ်ကနေ regedit ရိုက်ထည့်ပြီး Registry Editor ကိုဖွင့်လိုက်ပါ။ Computer အောက်မှာရှိတဲ့ HKEY Class Root စသည်ကို တစ်ခုချင်းဆီဖွင့်ပြီး ကီးဘုတ်ပေါ်က Ctrl + f ကီးကိုတွဲနှိပ်ပါ။ အောက်ပါပုံအတိုင်း find ဘောက်စ်ပေါ်လာမည်။

၃။ ၎င်းဘောက်စ်တွင် Zawgyi-One လို့ရိုက်ထည့်၊ ထိုနောက် look at အောက်တွင် keyဆိုတဲ့လေးထာင့်ကွက် ကိုသာအမှန်ခြစ်ပြီး find next ကိုနှိပ်လိုက်ပါ။ အောက်ပါပုံအတိုင်း Searching box အလုပ်လုပ်နေမည်။

၎။ အကယ်၍ဖျက်မည့်ဖေါင့်ကိုမတွေ့လျှင် အောက်ပါပုံအတိုင်း Finished Searching through the Registry ဆိုပြီး ပေါ်လာမှာဖြစ်တယ်။ OK ကိုနှိပ်။

၅။ နောက်တစ်ကြိမ် Ctrl + f ကိုနှိပ်ပြီး find ဘောက်စ်ထပ်ဖွင့်ပါ။ အဲဒီဘောက်စ်တွင် look at မှာ key အစား Volues ကိုပြောင်းပြီးအမှန်ခြစ်ပါ။ ပြီးတော့ find next ကိုနှိပ်။
၆။ အကယ်၍ဖျက်မည့်ဖေါင့်ကိုတွေ့လျှင် (ရှိလျှင်) အောက်ပါပုံအတိုင်း High Light (အပြာရောင်) နဲ့ပြမည်။ အဲဒီ Zawgyi-One (High Light အပြာရောင်) တည့်တည့်တွင် Right Click ထောက်ပြီး delete ကိုပေးလိုက်ပါ။

ဒါမ ပြီးသေးဘူးနော်။ ကီးဘုတ်ပေါ်က f3 ကိုဆက်နှိပ်ပြီး ၎င်းဖေါင့်ကိုထပ်ရှာပါ။ တွေ့လျှင် Right Click > delete မကုန်မချင်း f3 နဲ့ရှာပြီး အကုန်သာလိုက်ဖျက်ပါ။
ကျန်တဲ့ look at ထဲက Data ကိုလည်းနည်းမှီကာ အကုန်အစဉ်သာလိုက်ဖျက်ပါ။
အလားတူ အထက်က HKEY CURRENT USER စသည်တိုမှာလည်း Zawgyi-One ကို အပေါ်ကိုနည်းမှီပြီးအ ကုန်သာလိုက်ဖျက်ပေတော့။
(ကျနော်အခုပြောတဲ့နည်းသည် တစ်ချက်ခုတ်နှစ်ချက်ပြပဲ။ ရိုးရိုးဖျက်မရတဲ့ဆော့ဝဲပရိုဂရမ်များကို ဒီနည်းနဲ့သာ ဖျက်ပါ။ အကုန်စင်ပဲ။ ကျနော်ကြုံဖူးတာတွေကတော့ AVG Anti Virus ဖျက်တာနည်းလမ်းမကျရင် System ထဲက သူ့ဖိုင်တွေကျန်နေတတ်တယ်။ ဒီနည်းသာသုံးပြီး ဖျက်ချလိုက်ပါ)
၆။ ဖျက်လို့အားလုံးပြီးသွားဆိုရင် ကွန်ပျူတာကို Restart ပါ။ စက်ပြန်ပွင့်လာလျှင် C:>Windows> fonts သို့ ဗားရှင်းအသစ် Zawgyi-One ပြန်ထည့်လိုက်ပါ။
၇။ ထိုနောက် Gtalk >> Settings >> Change >> Font မှာ Zawgyi_one ကိုရွေးပေးလိုက်ပါ။
ကဲ… Gtalk ကိုဖွင့်ပြီး စာရိုက်စမ်းကြည့်လိုက်ပါ။ အဆင်ပြေမယ်လို့ထင်ပါတယ်။ အဆင်မပြေသေးဘူးဆိုရင် နည်း ထပ်ပေးလိုက်မယ်။ ဟဲ ဟဲ မရှိတော့ပါဘူး။


Memory Card, SD ကဒ်များမှ delete လုပ်မိသော Data များကို ပြန်ရယူရန် နည်းလမ်း


ကွန်ပျူတာမှာ မမျော်လင့်ပဲ ဖျက်လိုက်မိလို့ ပြောင်းဆုံးသွားတဲ့ Data , file တွေကိုယူဖို့ နည်းလမ်း မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါ စာဖတ်သူတို့အသုံးပြုနေတဲ့ memory card, micro SD ကဒ်၊ ကင်မရာသုံး SD ကဒ်များအတွက် အချက်အလက်များ ပြန်ယူလို့ ရစေမယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ Application အစရှိသဖြင့် အားလုံးပြန် recovery ပြန်လုပ်လို့ ရပါတယ်။ ၁။ အောက်ပါလခ့်တွင် ဒေါင်းလုခ်ဆွဲပါ။ www.pandorarecovery.com/download/ ၂။ Instll လုပ်ရပါမယ်။ ၃။ Recover files box ပေါ်လာပြီး next ကိုနှိပ်ပါ။ ၄။ Recycle Bin မှာ ပြန်ရှာတွေ့သလားလို့ မေးပါလိ့မယ်။ No, I did not find ဆိုတာကို ရွေးရပါမယ်။ ၅။ မိမိ recover ပြန်လုပ်လိုတဲ့ memory ကဒ် / Pen drive ကို ထိုးပြီး ရွေးချယ်ရပါမယ်။ ၆။ Dee surface scan ကို ရွေးပြီး Next နှိပ်ရပါမယ်။ ၇။ Star Deep surface scan ကို click နှိပ်ပေးရပါမယ်။ ၈။ မိမိ delete လုပ်ထားမိသမျှ သီချင်း၊ ဓာတ်ပုံ၊ အချက်အလက်၊ Application တို့ ပေါ်လာပြီး ကိုယ်နှစ်သက်ရာ ပြန်လည်ရွေးချယ် recover လုပ်နိုင်ပြီ ဖြစ်ပါတယ်။


Copy and WIN : http://bit.ly/copynwin







No comments:

Post a Comment