ကျောက်ငူသားလေးနည်းပညာ

Tuesday, May 5, 2015

kyawminthein

အခုတော်တော်ခေတ်စားလာတဲ့   အွန်လိုင်းအကြောင်းကိုကျနော်သိသလောက်ရေးလိုက်ချင်ပါတယ်
လူတွေအများစိတ်ဝင်စားလာ   facebook   /twitter/blogger/line/viber/   အစရှိတဲ့အင်တာနက်
သုံးနေကြတဲ့စာတွေက    တစ်ချို့တွေ  အင်တာနက်ချစ်သူ သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ် သည်မှာ ကျွန်တော့်အတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး
ကျွန်တော် တစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ (midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။ ကျွန်တော့်မှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။


ပထမဆုံးအကြိမ် ကျွန်တော့်ဆီပို့သော သူမ၏ message မှာ ထိုစာကြောင်းလေးဖြစ်သည်။ "အင်တာနက်ကို မုန်းတယ်.... ယောင်္ကျားတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"ထိုစာကြောင်းကို ဖတ်ပြီး ကျွန်တော်စိတ်ဝင်စားသွားမိသည်။ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ ကျွန်တော်ပို့သော စာကိုဖတ်ပြီး သူမပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်တော်တွေးမိသည်။ "ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"သို့သော် တစ်မိနစ်မျှပင် မကြာလိုက်...."ဟုတ်တယ်.. ကျွန်မက အခုသရဲလေ""ဟား....သရဲဖြစ်ရတာပျော်လား""ကျွန်မ မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်မ မကျွတ်ဘူး""ဟား...ဟား.. အချစ်အတွက်ကြောင့်လေ" ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူမနှင့် ကျွန်တော် online သူငယ်ချင်း ဖြစ်သွားကြသည်။ သူမသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော ကောင်မလေးတစ်ယောက် ဖြစ်သည်။ သူမသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာonline ပေါ်သို့ ရောက်လာတတ်သည်။


'ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ ကျွန်တော်ပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်တော် ဖြေသိမ့်မိသည်။ သူမသည် အရင်ကတည်းက ကျွန်တော်၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်တော်၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူမသည် ကျွန်တော်ဘေးတွင်ရှိနေခဲ့ပြီး ကျွန်တော့်ကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။ "ကျွန်တော် အခုဘာလုပ်နေလဲ"တစ်ခါတရံ နောက်ပြောင်ပြီး သူမကို ကျွန်တော်မေးခဲ့ဖူးသည်.. သူနှုတ်ဆိတ် နေတတ်ပြီး..."တော်ပါပြီ...ကျွန်မမပြောချင်ဘူး. ပြောလိုက်ရင် လန့်သွားဦးမယ်""ကော်ဖီတွေ သိပ်မသောက်နဲ့လေ""ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"တစ်ခါတရံ ကျွန်တော်ော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့) ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။


ကျွန်တော်နှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို ပြောပြတတ်သည်။ သူမသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ ညီ"ဟုခေါ်သော ကောင်လေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ ညီ"ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့မအဖို့ chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊ ညီ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူမသာယာမိကြောင်း ကျွန်တော့်ကို ပြောပြတတ်သည်။ အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော ညီ"မှာ သူမ မသိနားမလည်သည်များကို သင်ပြတတ်သည်။ ညီ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ သူမအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း ညီ"မှလွဲ၍ မည်သူနှင့်မျှ သူမစကားမပြောပေ။ "ကျွန်မ ညီ့ကို ချစ်တယ်.... ကျွန်မရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား""အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ""ကျွန်မမှာ ညီ့ကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်""အချစ်... အဟား... ညီ့မှာ ပေါလွန်းလို့ကွယ်""ဒါဆို ညီလိုချင်တာ ကျွန်မအကုန်ပေးမယ်""အသက် ယူမယ်ဆိုရင် ပေးနိုင်မလား""ကောင်းပြီလေ" ညီ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ ညီ"၏ စကားလုံး ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင် ပြောရသည်ကို သူမ အားမရတော့။ ညီ့"ကို အပြင်လောကတွင် သူမတွေ့ချင်လာသည်။ လူကိုယ်တိုင်တွေ့ပြီး ညီ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ ညီ" ကိုအပြင်တွင် တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူမတောင်းဆိုမိသည်။ ညီ"က တောင်းဆိုမှုတွေ များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန် ငြင်းဆန်ခဲ့သည်။


နောက်ပိုင်းတွင် သူ့အပေါ် ညီ"၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။ ညီ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင် ညီ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။ ညတိုင်း သန်းခေါင်ယံအချိန်တွင် သူမသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး သူမနှင့်ညီ"၏ ပုံပြင်ကို ကျွန်တော့်အား ပြောပြတတ်သည်။ တစ်ခါတရံ သူမ၏လုပ်ရပ်များကို ကျွန်တော် မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူမပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်တော့်အတွက် မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။ "ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်""ဘာပြောချင်တာလဲ.. ကျွန်တော့်ကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား""ကျွန်မ တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား" ကျွန်တော် ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်တော်ကိုယ်တိုင်ပင် အနားတွင် သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း ကျွန်တော် အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်တော်နည်းနည်းမှ ကြောက်မနေခြင်းပင်ဖြစ်သည်။ "ခင်ဗျားက ထူးခြားတယ်""ဘာဖြစ်လို့လဲ""ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား""ကျွန်တော် တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်တော်အိပ်ယာဝင်ဖြစ်သည်။


မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်တော်၏ အတန်းချိန်များကို ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်တော်ခေါင်းတွေ လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်တော်အိပ်လိုက်သည်။ အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို ကောင်မလေးတစ်ယောက် ကျွန်တော်အခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။ ကျွန်တော်ထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုကောင်မလေးမှာ အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။ ကျွန်တော့် ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်တော်၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက် ကျွန်တော့်မျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ" ဟုပြောပြီး ပျောက်ကွယ်သွားသည်။


ကျွန်တော်မျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်တော် ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်တော် တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့် သူမ ရုပ်ရှည်ကို ကျွန်တော်ကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်တော် ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။ "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"ကျွန်တော် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့် တစ်ထပ်တည်းပါလား...စာကြောင်းရေးပို့လိုက်သူမှာ ကျွန်တော်နှင့် ညတိုင်း chatting လုပ်နေသော သူ့မကိုယ်သူမ တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်တော် အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူမဟာ ကျွန်တော်လို လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်တော်ကိုယ်ကျွန်တော် အသိပေးနေမိသည်။ "တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"ကျွန်တော် ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူမပြောချင်တာကို ပြောနေသည်။"မင်းအခု ဘယ်မှာလဲ... ကျွန်တော် အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်တော် ထိန့်လန့်စွာ မေးလိုက်သည်။"ရှင် ဘယ်လို အဖြေမျိုးကို လိုချင်လဲ""တိကျတဲ့ အဖြေမှန်ကို ကျွန်တော်လိုချင်တယ်""ခင်ဗျား အဖြူရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ အိတ်ကပ်လေးနှစ်ခုပါတယ်။ စားပွဲခုံပေါ်မှာ ရှင်သောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ရှင် အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။ ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ရှင်ဖျားနေပြီ" ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်တော်နှလုံးသွေးများပင် ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်တော်ဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ ပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်တော်ဘေးတွင် သူရှိနေသည်။


ကျွန်မ အခန်းထဲတွင် တကယ်ရှိနေခဲ့လို့လည်း ကျွန်တော်၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်တော်၏အကျင့်တွေကို သူမသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး သူမကိုစောင့်နေတတ်သော ကျွန်တော်၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက စောင့်ကြည့်နေပုံရသည်။ သူမစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့် ကျွန်တော်တစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည် မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်တော် တဖြေးဖြေး အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး ကျွန်တော်၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်တော့်အား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။


မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်တော့်ဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။ တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်တော် ကုတင်ပေါ်မှ အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူမပြောခဲ့သော စကားကို ပြန်သတိရမိသည်။ "ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ရှင် ဖျားနေပြီ"ကော်ဖီကို ကျွန်တော် ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူမပုံရိပ်ကို ကျွန်တော်မြင်ယောင်မိသည်။ သူမသာ တစ္ဆေမဟုတ်ခဲ့လျှင် ယောင်္ကျားလေးများ ၀ိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူမ၏ခံစားချက်များကို နားထောင်ပြီး သူမအပေါ် ကျွန်တော် သနားမှုတွေ ပိုသွားပြီလား...သူမကို ကျွန်တော် ချစ်မိသွားပြီလား.. တစ္ဆေတစ်ကောင်ကို ကျွန်တော်ချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်... သူမပြောပြဖူးသော သူမအကြောင်းများကို ကျွန်တော်ပြန်စဉ်းစားမိသည်။


သူမအပေါ် ညီ" ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်တော်သိခဲ့သည်။ သူမလို ရုပ်ရည်ချောမောသည့် လူကို ညီ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်တော်သိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ်ုကိုယ် အဆုံးစီရင်ခဲ့လဲ... "အင်တာနက်ကို မုန်းတယ်.. ယောင်္ကျားတွေကိုမုန်းတယ်" ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်တော့်အား ပြောပြနေသလဲ.. ကျွန်တော့်သိချင်စိတ် ပိုပြင်းပြလာခဲ့သည်။ ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်တော့်စိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်တော် အခန်းမီးများကို ဖွင့်ပြီး ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင် ကျွန်တော် ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထားသော တစ္ဆေတစ်ကောင်ကို ကျွန်တော် မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်တော် မကြာခဏ လှည့်ကြည့်နေမိသည်။ သူမကို ကျွန်တော်စောင့်နေကြောင်း သူမအား သိစေချင်သေးသည်။


ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက ကျွန်တော့် အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား... "တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"သူလာပါပြီ.... ကျွန်တော် ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်တော့်မှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။ "နည်းနည်းတော့ ကြောက်မိပါတယ်"ကျွန်တော် စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်တော်ပြောသမျှ သူမ ကြားနိုင်လိမ့်မည်ဟု ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်တော် မျှော်လင့်ချင်ပါသေးသည်။ "ရှင် အရင်က ကျွန်မကို မကြောက်ပါဘူး။ ကျွန်မ စိတ်မကောင်းဘူးရှင်ရယ်""အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်တော်ထင်ခဲ့တယ်လေ။ တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး""အခု ရှင် သိပြီလေ။ ကျွန်မနဲ့ ဆက်စကားပြောနေဦးမလား""အင်း... ပြောမယ်။ ကျွန်တော်သိချင်တာတွေ မေးရဦးမယ်" ကျွန်တော် အသက်ကို ပြင်းပြင်းလေး ရှူသွင်းလိုက်မိသည်။"ညီ နဲ့ မင်းရဲ့အကြောင်းကို အစအဆုံး ပြောပြနိုင်မလား" ကျွန်မနဲ့ချစ်သူတွေ မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်မနဲ့ ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်မကို အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်မရဲ့ ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်" "မင်း ဘယ်လိုလုပ်သိလိုက်တာလဲ" "သူနဲ့တွေ့နိုင်ဖို့ ကျွန်မ အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်မတွေ့နိုင်အောင် ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်မကို သူတွေ့မယ်လို့ ခွင့်ပြုခဲ့တယ်။


သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်မစိတ်အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကို တွေ့တာနဲ့ သူမှန်း ကျွန်မမှတ်မိနေခဲ့တယ်။ သူအရမ်းချောတာပဲ။ ယောင်္ကျားလဲပီသတယ် .... ဓာတ်ပုံထဲကထက်တောင် ခန့်သေးတယ်" ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်တော်မျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။ "ရှင့်ကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား" "ဟင့်အင်း... ကျွန်တော် မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်တော် ခေါင်းရမ်းရင်း ပြောလိုက်မိသည်။ "ရှင့်ရဲ့ လက်ကို ကျွန်မ ကိုင်နေတယ်... ခံစားလို့ရလား"မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်တော်ယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။ ကျွန်တော် ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်တော့်လက်ကို ဆုတ်ကိုင်းထားသည်ဟု ကျွန်တော်မြင်ယောင်ကြည့်မိသည်။ "ရှင့် ကြည့်ရတာ အားမရှိလိုက်တာ။ ကျွန်မ စိုးရိမ်တယ်။ မေးချင်တဲ့ မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်" စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူမစကားများကို ကျွန်တော်ခံစားမိသည်။ "ကျွန်တော် တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"ကျွန်တော် အရဲစွန့်ပြီး ကျွန်တော် အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။"ဘာဖြစ်လို့ ကျွန်တော့်ကိုမှ ရွေးချယ်ခဲ့ရတာလဲ" "... ကျွန်မ စောင့်ကြည့်နေတာ ကြာပြီ။ ရှင်နဲ့ chatting မလုပ်ခင်ကတည်းက ရှင့်အခန်းထဲမှာ ကျွန်မရှိနေခဲ့တယ်" တစ္ဆေတစ်ကောင် ကျွန်တော့် အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်တော် မသိခဲ့ပါလား.. ကျွန်တော်၏ နေ့စဉ် အပြုအမှုများကို သူမစောင့်ကြည့်နေခဲ့ပါလား...။ ထိုသို့ တွေးမိလိုက်စဉ် ကျွန်တော့်စိတ်တွေထူပူသွားမိသည်..."ဟား...ဟား.. ရှင် ဘာတွေးနေလဲ ကျွန်မသိတယ်။ ကျွန်မ အဲဒီလောက် သတ္တိမရှိပါဘူး" ကျွန်တော့်မျက်နှာ နှစ်ဖက်ကိုကြည့်ရင်း ကျွန်တော်၏အတွေးကို သူမသိနေခဲ့သည်။"တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ မင်းမသိဘူးလား" "တရားတယ်၊ မတရားဘူးဆိုတာ ကျွန်မ မသိဘူး။ ကျွန်မတို့ ၀ိညာဉ်တွေက ဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ရှင်နဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်မ အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး စောင့်ကြည့် မနေတော့ပါဘူး" "နေပါဦး..... နေ့လည်အချိန်တွေမှာ မင်းဘာလုပ်နေလဲ" "နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ ကျွန်မ၀င်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး" ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။လေးထောင့်အခန်း......... ခန္ဓာကိုယ်.... "နေ.. နေပါဦး... လူတွေက မင်းကို မသင်္ဂြိုလ်ကြသေးဘူးလား""ကျွန်မရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်" သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။


ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။ "မင်းဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ တော်တော်စိတ်ကုန်သွားပြီလား" "ကျွန်တော် ပြန်သွားရင် ရှင့်ကို ကျွန်မ မမြင်ရတော့ဘူး။ ကျွန်မကို မေ့သွားမှာ စိုးတယ်" သူမစကားကို ကြားပြီး ကျွန်တော် စိတ်မကောင်းဖြစ်သွားမိသည်။ သူမ၏စိတ်ထဲတွင် ကျွန်တော် ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူမ၏ကြင်နာမှုကို ကျွန်တော်ခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူမမှာ အခွင့်အရေးတွေ ရှိနေသေးသည်။ ကျွန်တော့်ကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်တော် ရင်ထဲ အတော်လေးကြေကွဲဝမ်းနည်း သွားမိသည်.... သူမကိုလည်း သနားသွားမိသည်..... ရင်ထဲက ၀မ်းနည်းမှုက မျက်ရည်ဖြစ်ဖို့ တာဆူနေပြီလေ ....."ကျွန်မအတွက်နဲ့ မျက်ရည်မကျပါနဲ့လား ... (ကျွန်တော်မျက်ရည်ကြည်လေးတွေကို သူမသုတ်ဖို့ ကြိုးစားနေတယ်)" ထိုစာကြောင်းကို ကြည့်ပြီး ကျွန်တော် အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က ကျွန်တော့်ကို နှစ်သိမ့်နေပါလား..။ စီးကျလုလု မျက်ရည်များကို ကပျာကယာ သုတ်ပေးနေသည့် သူမကို ကျွန်တော်မြင်ယောင်ကြည့်မိသည်။ "မင်းရဲ့ ကြင်နာမှုကို ကျွန်တော် ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့် လူတစ်ယောက်အဖြင့်နဲ့ ကြင်နာမှုတွေကို မင်းကို ပေးချင်တာပါ ...... မင်းရဲ့ လိုအပ်နေတဲ့ ကွပ်လပ်လေးကို ကိုဖြည့်ဆည်းပေးချင်တာပါ .... မင်းရဲ့ ၀မ်းနည်းခဲ့တဲ့ ရက်တွေအတွက် အပျော်တွေနဲ့ပဲ ရှိနေစေချင်တာ..."ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား""ဟုတ်တယ်" .."၀င်သွားပြီးနောက်ပိုင်း ရှင်နဲ့ ပတ်သက်သမျှ ကျွန်မ သတိမရတော့မှာကို မကြောက်ဘူးလား""ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်တော့်ကို မေ့သွားမှာလား" ကျွန်တော်စိတ်ပူစွာ ပြောလိုက်မိသည်။ "အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။ ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ" ပြန်သွားပြီး သူမ သတိမရခဲ့လို့ ကျွန်တော့်ကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်တော့်ကြောင့် သူမသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။ "ပြန်သွားပါ။ ရှင် ကျွန်တော့်ကို မမေ့ဘူးလို့ ကို ယုံကြည်တယ်။ လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်တော့်ရှေ့မှာ ထိုင်ပြီး မင်းနဲ့ ညီ့အကြောင်းပြောပြတာကို ကျွန်တော် ကြားချင်သေးတယ်" မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်တော် ပြောလိုက်သည်။ "ရှင့်စကားကို ကျွန်မ နားထောင်မယ်။ ကျွန်မ ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။ ကျွန်မ ပြန်အလာကို စောင့်နေမလား" "ကျွန်တော် စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကို့ကို မေ့ခဲ့မယ်ဆိုရင်တောင် မင်းသတိရပြီး ကို့ကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်" ကျွန်တော်ပြောရင်း ရင်နင့်မိသည်။


မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းချင်လာမိပြန်သည်။ သူမ ကျွန်တော့်အနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။ "ရှင့်နဖူးကို ကျွန်မ နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်နော်။ ကျွန်မသွားပြီ။ ကျွန်မ ပြန်အလာကို စောင့်နေပါနော်" နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် သူမ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်တော် ထိုင်ခုံပေါ်တွင် ထိုင်ရင်း ခြေကုန်လက်ပမ်းကျသလိုမျိုး ဖြစ်သွားမိသည်.... အိပ်မက်ထဲက သူမပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူမသည် အချိန်မရွေး ကျွန်တော့်ရှေ့တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူမကို နွေးထွေးစွာ ကျွန်တော်ကြိုမည်။ သူမ မလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်တော် online ပေါ်သို့ တက်ပြီး သူမကိုရှာမြဲ... သူမ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏ အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။


ပက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင် သူမကို ကျွန်တော် လိုက်ရှာနေမိသည်။ ကျွန်တော့်ကိုတွေ့လျှင် ကျွန်တော်နှင့် ပတ်သက်ခဲ့ဖူးသမျှ သူ မ မှတ်မိနေမည်ဆိုသည်ကို ကျွန်တော် ယုံကြည်နေမိသည်။ ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။ မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်တော့်လက်ထဲက စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင် ကျွန်တော် ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်တော် ကပျာကယာ လိုက်ကောက်လိုက်သည်။ ကျွန်တော်နှင့်အတူ စာရွက်များကို လိုက်ကောက်နေသော အရိပ်တစ်ခုကို တွေ့လိုက်မိသည်။


စာရွက်များကို ကောက်ရင်း ကျွန်တော့် ဘေးနားတွင် ခြေအစံကို ရပ်လိုက်သည်။ "ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ" ကျွန်တော့်ရင် ဒိန်းခနဲ ခုန်သွားမိသည်။ ချိုသာသောအသံနှင့် နူးညံ့သော လက်အစုံမှာ ကျွန်တော်နှင့် မရင်းနှီးပေမယ့် သူမ ပြောလိုက်သော စကားမှာ midnight ပြောတတ်သော စကားနှင့် တစ်ထပ်တည်း။ ကျွန်တော် အထိန့်အလန့် မော့ကြည့်လိုက်မိသည်။ သူ... သူပါလား... အိပ်မက်ထဲက နတ်သမီးလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍ ကျွန်တော် အသိစိတ်ထဲက နတ်သမီးလေး၊ ကျွန်တော်နှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ် အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။ ကျွန်တော့်ရှေ့တွင် သူမထိုင်ချလိုက်သည်။ "ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ နေကောင်းသွားပြီဆိုမှ ကျွန်မ လာတွေ့ရဲတယ်လေ" ကျွန်တော် အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင် မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ရုတ်တရက် ကျွန်တော့်လက်မောင်းကို သူ့လက်အစုံဖြင့် လာဖက်လိုက်သည့်ခဏ ကျွန်တော့်ဝမ်းနည်းမှုများ အပျော်ဘက်သို့ ကူးပြောင်းသွားခဲ့သည် "ကျွန်မထင်တဲ့အတိုင်းပဲ ရှင်က အရမ်းကြင်နာတတ်တယ်""ကျွန်မကိုယ့်ကျွန်မ ပြန်မိတ်ဆက်ပေးပါရစေ" သူမရယ်ရင်း ခိုတွဲလိုက်သည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့် တူနေသည်။ "ကျွန်မနာမည် သူသူပါ။ တွေ့ရတာ ၀မ်းသာပါတယ်""တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်တော် နေမင်းပါ" ကျွန်တော် ပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။"သူသူ ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲုသွားနိုင်မလား"ကျွန်မိ ခေါင်းကို ငုံ့ထားလိုက်လေသည် ... ကျွန်တော်သိလိုက်လေပြီ . ဆိတ်ဆိတ်နေခြင်းသည် ၀န်ခံခြင်းမည်၏တဲ့ ... လေရူးနှင့်အတူ ကျွန်တော့်ရှေ့သို့ သူမရောက်လာခဲ့သည်။ ရွက်ကြွေများ ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူမနှင့်ကျွန်တော် ပထမဆုံးအကြိမ် တွေ့ဆုံကြသည်။


mozillar   37.0.3   ကိုတင်ပေးလိုက်ပါတယ်.
http://www.mediafire.com/download/vdwb7rbil757o67

နည်းပညာစာအုပ်များ

https://www.mediafire.com/folder/56zj7cydf3q55/Camera




photoshop  စာအုပ်လို့ချင်သူတွေအောက်လင့်ကနေဒေါ်င်းသွာလိုပ်ပါ




http://www.mediafire.com/view/pbh8e9sztdgkdbb/kyawminthein31@gmail.com




Android Smartphone မှာ RAM ကို တိုးမြှင့်နည်းများ




အိုင်တီ လမ်းညွှန်‎IT-Guide (အိုင်တီလမ်းညွှန်) စမတ်ဖုန်းများဟာ ဟောင်းနွမ်းလာတာနဲ့ အမျှ နောက်ဆုံးပေါ် Apps များနဲ့ Software Update အသစ်များကို ကောင်းစွာ ကိုင်တွယ်နိုင်ခြင်း မရှိတော့ပါဘူး။ ဟောင်းနွမ်းတဲ့ Hardware များဟာ စွမ်းဆောင်ရည် ပြဿနာများ ဖြစ်ပေါ်စေပါတယ်။ အဲဒီအတွက် RAM ကို တိုးမြှင့်ခြင်းက ပြဿနာများကို ပြေလည်စေမှာပါ။ ဒီဆောင်းပါးမှာ Root လုပ်ထားပြီးသား ဖုန်းများအတွက်ရော၊ Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းများ အတွက်ပါ RAM ကို တိုးမြှင့်နည်းများကို ရေးပေးလိုက်ပါတယ်။ RAM ( Random Access Memory) ဆိုတာ သင့် စမတ်ဖုန်းဟာ Temporary Data များကို ကူးပြောင်းဖို့ RAM ကို အသုံးပြုရပါတယ်။ RAM များလေလေ Apps, Tabs, Processes, Windows များကို တစ်ပြိုင်နက် လျှင်မြန်စွာ အသုံးပြုနိုင်လေလေ ဖြစ်ပါတယ်။ OS နဲ့ System Processes များကလည်း RAM ကို စားသုံးနေကြပါတယ်။ Apps များကို အင်စတော ပြုလုပ်မှု များလာတာနဲ့ အမျှ Processes အသစ်များစွာက System ထဲကို ၀င်ရောက်လာတဲ့ အတွက် နှေးကွေးမှုများ ဖြစ်ပေါ်လာရတာပါ။Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းများမှာ RAM ကို မြှင့်တင်နည်းများWidgets နဲ့ Live Wallpaper များကို ကန့်သတ်ပါ။ Widgets တော်တော်များများက ကိုယ်တိုင် Refresh ပြုလုပ်ကြပြီး Live Wallpaper များက အချိန်ပြည့် RAM ကို စားသုံးနေကြပါတယ်။ အဲဒီအတွက် သင့်ဖုန်းဟာ နှေးကွေးလေးလံလာပြီ ဆိုရင်တော့ RAM နေရာလွတ်များ ရရှိဖို့ Widgets နဲ့ Live Wallpaper များကို ဖယ်ရှားပေးပါ။ Apps များကို Disable လုပ်ပါ။Apps အချို့ဟာ အသုံးပြုနေခြင်း မရှိတဲ့ အချိန်မှာတောင် RAM ကို စားသုံးနေပါတယ်။ အဲဒီ Apps များကို နောက်ကွယ်မှာ Run နေခြင်းကို ပိတ်ပင်ထားလိုက်ရင် RAM နေရာလွတ်များ ရရှိမှာပါ။ App တစ်ခုကို Disable လုပ်ဖို့ Settings> Apps or Application Manager ကို သွားပါ။ All ကိုသွားပြီး Disable လုပ်ချင်တဲ့ App ကို တစ်ချက်နှိပ်ပါ။ Disable ကိုနှိပ်ပြီး Confirm လုပ်ပါ။ စမတ်ဖုန်းမှာ နဂိုပါတဲ့ App များကို Disable မလုပ်ခင် သတိထား လေ့လာပါ။ မဟုတ်ရင်တော့ သင့်ရဲ့ System မှာ မတည်ငြိမ်မှုများ တွေ့နိုင်ပါတယ်။ အခြား App များကိုတော့ စိတ်ချလက်ချ Disable လုပ်နိုင်ပါတယ်။ လုံးဝ မသုံးတဲ့ Apps များကိုတော့ Delete or Uninstall လုပ်ပေးပါ။ Animation များကို Disable လုပ်ပါ။ RAM ကို စားသုံးနေတဲ့ Animation များဟာ မရှိမဖြစ် လိုအပ်တာ မဟုတ်ပါဘူး။ အဲဒါတွေကို Developer Options ထဲမှာ စီမံခန့်ခွဲနိုင်ပါတယ်။ သင့်ဖုန်းရဲ့ Settings ထဲမှာ Developer Options ကို မတွေ့ရသေးရင် About Phone ထဲသွားပြီး Build Number ကို ခုနစ်ချက်နှိပ်ပါ။ Settings အောက်မှာ Developer Options ပေါ်လာရင် Drawing ကဏ္ဍထဲရှိ Window Animation Scale, Transition Animation Scale, Animator Duration Scale တို့ကို Disable လုပ်ပေးပါ။ ဒါဆိုရင် သင့်ဖုန်းမှာ RAM နေရာလွတ်များ ရရှိမှာ ဖြစ်ပါတယ်။ Root လုပ်ပြီးသား ဖုန်းများမှာ RAM တိုးမြှင့်နည်း Root လုပ်ထားတဲ့ ဖုန်းများမှာတော့ RAM ကို တိုးမြှင့်တဲ့ နည်းတစ်နည်းရှိပါတယ်။ သင့်ရဲ့ SD Card မှ Partition တစ်ခုဖဲ့ယူပြီး ပင်မ RAM ရဲ့ ဆင့်ပွား RAM အဖြစ် အသုံးပြုနိုင်မှာပါ။ ဒီလို လုပ်ဖို့ ROEHSOFT RAM Expander (SWAP) ဆိုတဲ့ App ကို အသုံးပြုမှာ ဖြစ်ပြီး အောက်က လင့်ကနေ ဒေါင်းလုပ်ရယူပါ။ http://goo.gl/B56ItI သင့် Device ရဲ့ Compatibility ကို စစ်ဆေးပါ။ အထက်ဖော်ပြပါ App ကို အသုံးမပြုခင်မှာ သင့်ဖုန်းနဲ့ Compatible ဖြစ် မဖြစ် စစ်ဆေးရပါအုံးမယ်။ စစ်ဆေးဖို့အတွက် MemoryInfo & Swapfile Check ဆိုတဲ့ App ကို အောက်က လင့်ကနေ ရယူပြီး အင်စတော လုပ်ပါ။ http://goo.gl/QTGGQW App ကိုဖွင့်ပြီး SuperUser ကို ခွင့်ပြုပေးပါ။ “ Start RAMExpander Test Here” ကိုနှိပ်ပါ။ SD Card သို့မဟုတ် Ext SD Card ကို ရွေးပါ။ ပြီးရင် “ Click for result” ကိုနှိပ်ပါ။ “ Congratulations” စာသားပေါ်လာရင်တော့ သင့်ဖုန်းဟာ RAM Expander App နဲ့ Compatible ဖြစ်ပါပြီ။ SWAP ကို အသုံးပြုနည်း ROEHSOFT RAM-EXPANDER (SWAP) App ကို ဖွင့်ပြီး Root Permission ပေးပါ။ SwpFile ရဲ့ ဘယ်ဘက်ဘေးမှ Slider ကိုရွှေ့ပြီး Partition အတွက် Memory ပမာဏ သတ်မှတ်ပေးပါ။ “ Optimal Value” ကို နှိပ်ရင်တော့ အကောင်းဆုံး စွမ်းဆောင်ရည်အတွက် Settings များကို အလိုအလျှောက် ချိန်ညှိပေးမှာပါ။ Autorun ကိုလည်း On ထားပေးပါ။ နောက်ဆုံးမှာတော့ “Swap Activ” ခလုတ်ကို နှိပ်ပါ။ ဒါဆိုရင် သင့်ရဲ့ System မှာ RAM ပိုမိုရရှိလာပါပြီ။ သင့်ဖုန်းဟာလည်း အရင်ကထက် ပိုမိုလျှင်မြန်စွာ လည်ပတ်နိုင်ပါပြီ။ Credit ;Digital Life Journal လေးစားစွာဖြင့်....


Copy and WIN : http://bit.ly/copynwin


Gtalk မှာ မြန်မာစာ လေးထောင့်ကွက်ပြဿနာ


 
ဒီတော့ပစ်ကတော့ မကြာကြာတွေ့ရတဲ့ပြဿနာလေးပါ။ တစ်ချို့စက်မှာလွယ်လွယ်လေးနဲ့ဖြေရှင်းနိုင်ပေမယ့် တစ်ချို့စက်ကျတော့ လွယ်မလိုနဲ့ခက်သားပဲ။ ကျနော်အခုဒီနေရာမှာ ဖြေရှင်းနိုင်မည့်နည်းပေါင်းစုံကိုတင်ပြပေး သွားမှာဖြစ်တယ်။ ဒီထက်ကျနော်မသိသေးတဲ့ နည်းတွေလဲရှိကောာင်းရှိနိုင်ပါတယ်။ ကျနော်အများစုတွေ့ရတဲ့ ဖြေရှင်းနည်းကတော့ ဘရောက်စာတွေရဲ့ option ကနေ ၀င်ရောက်ပြင်ဆင်တဲ့နည်းပဲရှင်းပြတာများပါတယ်။ ကျနော်အခုထပ်ဖြည့်မည့်နည်းကတော့ font ကို delete ပြန်လုပ်ပြီး အသစ် update ဖြစ်တဲ့ဖေါင့်ကိုပြန်ထည့် တဲ့နည်းလေးပါ။ delete လုပ်တယ်ဆိုတဲ့နေရာမှာ ရိုးရိုး delete လုပ်တာမျိုးမဟုတ်ဘဲနဲ့ Registry Editor မှာ ၀င်ရောက်ပြီး key,volume, data ထဲကနေ Zawgyi-One ကို အကုန်အစင် delete လုပ်တဲ့ဖြေရှင်းချက်မျိုး ဖြစ်ပါတယ်။ အထူးအားဖြင့် အခုနောက်ပိုင်း 64 bit OS မှာပိုပြီးတော့ ဒီပြဿနာကိုတွေ့လာရတယ်။......

Internet Explorer ကနေ ၀င်ရောက်ပြင်ဆင်ခြင်း
Start menu =>> Control panel =>> Internet Option =>> General tab ကိုနှိပ်ပြီးဖွင့်လိုက်ပါ။
အဲ့ဒီအတိုင်း အဆင့်ဆင့် သွားပြီး Font ဆိုတာလေးကို Click ပြီးတော့ Zawgyi _one ကိုပြောင်းပေးပြီး Apply ပြီးရင် OK

ထိုနောက် Gtalk >> Settings >> Change >> Font မှာ Zawgyi_one ကိုရွေးပေးလိုက်ပါ။
Mozilla Firefox ကနေ ၀င်ရောက်ပြင်ဆင်ခြင်း
Mozilla Firefox မှာ ဆိုရင်တော့ Tools အောက်က Options ထဲကို ၀င်လိုက်ပါ။ Content tab ကို နှိပ်ပြီးတော့ Default font မှာ Zawgyi-One လို့ပဲ ပြောင်းပေးလိုက်ပါ။
ကဲ..အထက်ပါနည်းလမ်းတွေနဲ့အဆင်မပြေသေးဘူးဆိုရင်…နောက်ဆုံးဖေါင့်ကို delete လုပ်ပြီး အသစ်ပြန်ထည့် မယ်။
Zawgyi-One ဖေါင့်ကို delete လုပ်ပြီး နောက်ဆုံးဗားရှင်း Zawgyi-One font ကိုပြန်ထည့်နည်း
ဒီနည်းကရိုးရိုးလေးပဲပြောလိုက်ရင်ရပါတယ်။ ဒါပေမယ့် ကျနော်နည်းနည်းလေးအာကျယ်လိုက်မယ်။ ဖွင့်ထားတဲ့ Window Browser ၀င်းဒိုးဘရောက်စာအားလုံးကိုပိတ်လိုက်ပါ။
၁။ C:>Windows>fonts ထဲက Zawgyi-One font ကို delete လုပ်ပါ။ တစ်ချို့က cannot delete in use ဆိုပြီး မက်စေ့ဂ်ျပေါ်လာပြီးဖျက်မရတာလဲရှိမယ်။ (ထားခဲ့လိုက်ပါ)
၂။ Run (Window + R) ဘောက်စ်ကနေ regedit ရိုက်ထည့်ပြီး Registry Editor ကိုဖွင့်လိုက်ပါ။ Computer အောက်မှာရှိတဲ့ HKEY Class Root စသည်ကို တစ်ခုချင်းဆီဖွင့်ပြီး ကီးဘုတ်ပေါ်က Ctrl + f ကီးကိုတွဲနှိပ်ပါ။ အောက်ပါပုံအတိုင်း find ဘောက်စ်ပေါ်လာမည်။

၃။ ၎င်းဘောက်စ်တွင် Zawgyi-One လို့ရိုက်ထည့်၊ ထိုနောက် look at အောက်တွင် keyဆိုတဲ့လေးထာင့်ကွက် ကိုသာအမှန်ခြစ်ပြီး find next ကိုနှိပ်လိုက်ပါ။ အောက်ပါပုံအတိုင်း Searching box အလုပ်လုပ်နေမည်။

၎။ အကယ်၍ဖျက်မည့်ဖေါင့်ကိုမတွေ့လျှင် အောက်ပါပုံအတိုင်း Finished Searching through the Registry ဆိုပြီး ပေါ်လာမှာဖြစ်တယ်။ OK ကိုနှိပ်။

၅။ နောက်တစ်ကြိမ် Ctrl + f ကိုနှိပ်ပြီး find ဘောက်စ်ထပ်ဖွင့်ပါ။ အဲဒီဘောက်စ်တွင် look at မှာ key အစား Volues ကိုပြောင်းပြီးအမှန်ခြစ်ပါ။ ပြီးတော့ find next ကိုနှိပ်။
၆။ အကယ်၍ဖျက်မည့်ဖေါင့်ကိုတွေ့လျှင် (ရှိလျှင်) အောက်ပါပုံအတိုင်း High Light (အပြာရောင်) နဲ့ပြမည်။ အဲဒီ Zawgyi-One (High Light အပြာရောင်) တည့်တည့်တွင် Right Click ထောက်ပြီး delete ကိုပေးလိုက်ပါ။

ဒါမ ပြီးသေးဘူးနော်။ ကီးဘုတ်ပေါ်က f3 ကိုဆက်နှိပ်ပြီး ၎င်းဖေါင့်ကိုထပ်ရှာပါ။ တွေ့လျှင် Right Click > delete မကုန်မချင်း f3 နဲ့ရှာပြီး အကုန်သာလိုက်ဖျက်ပါ။
ကျန်တဲ့ look at ထဲက Data ကိုလည်းနည်းမှီကာ အကုန်အစဉ်သာလိုက်ဖျက်ပါ။
အလားတူ အထက်က HKEY CURRENT USER စသည်တိုမှာလည်း Zawgyi-One ကို အပေါ်ကိုနည်းမှီပြီးအ ကုန်သာလိုက်ဖျက်ပေတော့။
(ကျနော်အခုပြောတဲ့နည်းသည် တစ်ချက်ခုတ်နှစ်ချက်ပြပဲ။ ရိုးရိုးဖျက်မရတဲ့ဆော့ဝဲပရိုဂရမ်များကို ဒီနည်းနဲ့သာ ဖျက်ပါ။ အကုန်စင်ပဲ။ ကျနော်ကြုံဖူးတာတွေကတော့ AVG Anti Virus ဖျက်တာနည်းလမ်းမကျရင် System ထဲက သူ့ဖိုင်တွေကျန်နေတတ်တယ်။ ဒီနည်းသာသုံးပြီး ဖျက်ချလိုက်ပါ)
၆။ ဖျက်လို့အားလုံးပြီးသွားဆိုရင် ကွန်ပျူတာကို Restart ပါ။ စက်ပြန်ပွင့်လာလျှင် C:>Windows> fonts သို့ ဗားရှင်းအသစ် Zawgyi-One ပြန်ထည့်လိုက်ပါ။
၇။ ထိုနောက် Gtalk >> Settings >> Change >> Font မှာ Zawgyi_one ကိုရွေးပေးလိုက်ပါ။
ကဲ… Gtalk ကိုဖွင့်ပြီး စာရိုက်စမ်းကြည့်လိုက်ပါ။ အဆင်ပြေမယ်လို့ထင်ပါတယ်။ အဆင်မပြေသေးဘူးဆိုရင် နည်း ထပ်ပေးလိုက်မယ်။ ဟဲ ဟဲ မရှိတော့ပါဘူး။


Memory Card, SD ကဒ်များမှ delete လုပ်မိသော Data များကို ပြန်ရယူရန် နည်းလမ်း


ကွန်ပျူတာမှာ မမျော်လင့်ပဲ ဖျက်လိုက်မိလို့ ပြောင်းဆုံးသွားတဲ့ Data , file တွေကိုယူဖို့ နည်းလမ်း မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါ စာဖတ်သူတို့အသုံးပြုနေတဲ့ memory card, micro SD ကဒ်၊ ကင်မရာသုံး SD ကဒ်များအတွက် အချက်အလက်များ ပြန်ယူလို့ ရစေမယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ Application အစရှိသဖြင့် အားလုံးပြန် recovery ပြန်လုပ်လို့ ရပါတယ်။ ၁။ အောက်ပါလခ့်တွင် ဒေါင်းလုခ်ဆွဲပါ။ www.pandorarecovery.com/download/ ၂။ Instll လုပ်ရပါမယ်။ ၃။ Recover files box ပေါ်လာပြီး next ကိုနှိပ်ပါ။ ၄။ Recycle Bin မှာ ပြန်ရှာတွေ့သလားလို့ မေးပါလိ့မယ်။ No, I did not find ဆိုတာကို ရွေးရပါမယ်။ ၅။ မိမိ recover ပြန်လုပ်လိုတဲ့ memory ကဒ် / Pen drive ကို ထိုးပြီး ရွေးချယ်ရပါမယ်။ ၆။ Dee surface scan ကို ရွေးပြီး Next နှိပ်ရပါမယ်။ ၇။ Star Deep surface scan ကို click နှိပ်ပေးရပါမယ်။ ၈။ မိမိ delete လုပ်ထားမိသမျှ သီချင်း၊ ဓာတ်ပုံ၊ အချက်အလက်၊ Application တို့ ပေါ်လာပြီး ကိုယ်နှစ်သက်ရာ ပြန်လည်ရွေးချယ် recover လုပ်နိုင်ပြီ ဖြစ်ပါတယ်။


Copy and WIN : http://bit.ly/copynwin







window

window    10   update  လိုချငိသူများအတွက်https://www.mediafire.com/folder/lv939t8metla2/boot

SOFT WARE STORE

ကွန်ပျူတာ အသုံးပြုသူတိုင်း ရင်းနှီးပြီးသာ ဖြစ်တဲ့ FormatFactory 3.3.3.0 ကို တင်ပေးလိုက်ပါတယ် ယခုထွက်သော Version တွေဟာ Format ပြောင်းတဲ့အခါ မြန်မာလို နားလည်းလာပါပြီး MP3/ MP4 တွေကို Format ပြောင်းတဲ့ နေရာမှာဆို ယခုလက်ရှိ နံပတ်(၁) စွဲနေတုန်းပဲ  အခုမှ ကွန်ပျူတာ စသုံးတဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်၊ ကျွန်တော် အသုံးပြုပုံ အနည်းငယ်ကို အောက်မှာ ပုံနှင့် တကွ ရှင်းပြထားပါတယ်  
https://www.mediafire.com   ဒီလင့်ကဒေါင်ယူနိုင်ပါတယ်


ပုံတွင် ပြထားသည့် အတိုင်း မိမိပြောင်းချင်သော Format ကို ရွေးချယ်ပေးပါ ဥပမာ၊   ၊Video ဆို Video ပေါ့ ကျွန်တော်က MP3 Format ကို ပြောင်းမယ် ဖြစ်သည့် အတွက် နံပတ်(၁) ပြထားသော နေရာက Audio ကို ရွေးချယ်ထားပါတယ် ပြီးရင် MP3 Format ကို ပြောင်းမယ် ဖြစ်တဲ့ အတွက် MP3 ဆိုတဲ့ Icon လေးကို Click နှိပ်လိုက်ပါ၊ ဒါဆိုရင် အောက်က ပုံအတိုင်း ပေါ်လာမယ် ဖြစ်ပါတယ်
နံပတ်(၃) ပြထားသော နေရာမှာ မိမိထားချင်သော နေရာကို လမ်းကြောင်းပေးလိုက်ပါ ပြီးရင် နံပတ်(၄) နေရာက Add File ကို နှိပ်ပြီး မိမိ ပြောင်းချင်သော Format ကို ရွေးချယ်လိုက်ပါ အောက်က ပုံအတိုင်းပေါ့ 
မိမိပြောင်းချင်သော Format များ ရွေးချယ်ပြီးရင် Open ကို နှိပ်လိုက်ပါ အောက်က ပုံကို ဆက်ကြည့်ပါ
ပုံတွင် ပြထားသည့်အတိုင်း နံပတ်(၆) ကို နှိပ်ပြီး မိမိပြောင်းထားသော MP3 ရဲ့ အရည်အသွေး ကို  နံပတ်(၇) ပြထားသော နေရာမှာ ချိန်းလို့ရပါတယ် မိမိစိတ် ချိန်းပြီးရင် Ok ကို နှိပ်လိုက်ပါ။ အောက်က ပုံကို ဆက်ကြည့်ပါ
ပုံတွင် ပြထားသည့် အတိုင်း Ok ကို ဆက်နှိပ်သွားပါ
နံပတ်(၁၀) တွင် ပြထားသည့် အတိုင်း Click to Start နှိပ်လိုက်ပါ၊ ဒါဆိုရင် အောက်က ပုံအတိုင်း ရာနှုန်းပြေးနေမယ် ဖြစ်ပါတယ်
ပုံတွင် ပြထားသည့် အတိုင်း ၁၀၀ရာနှုန်းပြည့်ရင် ပြီးသွားပြီး ဆိုတဲ့ အကြောင်း အသံလေး ထွက်လာရင် Ok ပြီးပေါ့။ မိမိပြောင်းထားသော MP3 ဖိုင်ကို မိမိပေးထားသော လမ်းကြောင်းတွင် ပြန်ကြည့်လိုက်ပါ
မှတ်ချက်။          ။ Rom device /DVD/CD/ISO ကို နှိပ်ပြီးတော့ CD/DVD ကနေ ISO ဖိုင် အဖြစ်လည်း ပြောင်းလဲလို့ရပါတယ်ခင်ဗျာ

photoshop   အတွက်စတ်စပို့ပုံလေးခွဲတဲံ့ဆော့ဝဲလေးတစ်ခုတင်ပေးလိုက်ပါတယ်
http://www.mediafire.com/download/eh738Printer6800.atng79d6mq8zt/

http://www.mediafire.com/download/nx9tww6fjym0n9p/action_6800.rar


ကွန်ပျူတာ  သုံးသူများအတွက်   zawgyi   မြန်မာစာလေးကိုတင်ပေးလိုက်ပါတယ်










http://www.mediafire.com/download/39nzdgh4ux4dagh/ZFKEGWC2.exe






cyberlink  power director  13.0  ကိုတင်ပေးလိုက်ပါတယ်
လိုချင်တဲ့သူတွေအောက်ကလင့်ကနေဒေါင်းသွားလိုက်ပါ။
http://www.mediafire.com/download/f5h2yzr9jgyg2z4/Cyberlink_PowerDirector_13.0_Multilang_Retail.rar